www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 2, 2018

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲများ ဆက်လက်ကျင်းပ

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲများ ဆက်လက်ကျင်းပ
-
နေပြည်တော်  နိုဝင်ဘာ   ၁
-
၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲအဖြစ် ယနေ့နံနက် ၇  နာရီခွဲတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း များ၌ ဆက်လက်ကျင်းပသည်။
-
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၃)၌  ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ရာ ရန်ကုန်တိုင်း ဒေသ ကြီးအသင်းက   ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
-
ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကြရာ  တစ်ဖက်နှစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။  ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ စစ်ကိုင်း တိုင်း ဒေသကြီး အသင်းနှင့်  ကချင်ပြည်နယ်အသင်းတို့    ယှဉ်ပြိုင်ကြရာ နှစ်ဂိုးစီသရေ ရလဒ်သာ     ထွက်ပေါ်ခဲ့သည်။
-
နိုဝင်ဘာ  ၂ ရက် (ယနေ့)နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ရခိုင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်း၊ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်း၊ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌   ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် နေပြည်တော် အသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် အားကစားကို စိတ်ပါဝင်စားသူ များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
-
မောင်မောင်စိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger