www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 29, 2018

မှော်ဘီမြို့နယ် မြောင်းတကာ စံပြကျေးရွာရှိ ပုညကာရီဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မှော်ဘီမြို့နယ် မြောင်းတကာ စံပြကျေးရွာရှိ ပုညကာရီဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  နိုဝင်ဘာ ၂၈
-
ရန်ကုန်တိုင်းဒေသကြီး  မှော်ဘီမြို့နယ် မြောင်းတကာစံပြကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်   နယ်လှည့်ဆေးကုသရေး အဖွဲ့က  အဆိုပါကျေးရွာရှိ ပုညကာရီဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် အပါး ၂ဝ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၂ဝ ဦးနှင့် ဒေသခံပြည်သူ ၆ဝ ဦးတို့ကို အရိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/။နှာခေါင်း/လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
-
-
ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးဖျန်းပေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger