-
နေပြည်တော် နိုဝင်ဘာ ၂၆
-
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘွန်မာဆွန်မာဖုန်း ဦးဆောင်သော လေ့လာရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်စန်းနိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ စစ်သံမှူး Col. Bounmyvieng VIENGN-HOUTTHASAT နှင့် ဇနီးတို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
-
ထိုမှတစ်ဆင့် လေ့လာရေး ကိုယ်စားလှယ် အဖွဲ့သည် မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများထံသို့ သွားရောက် ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment