www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2018

PURSUIT OF GREATNESS MMA ပြိုင်ပွဲတွင် အောင်လအန်ဆန် အနိုင်ရရှိ

PURSUIT OF GREATNESS MMA ပြိုင်ပွဲတွင် အောင်လအန်ဆန် အနိုင်ရရှိ
ရန်ကုန် အောက်တိုဘာ ၂၆
-
ONE Championship အဖွဲ့အစည်းက ကျင်းပပြုလုပ် သော PURSUIT OF GREATNESS MMA ပြိုင်ပွဲ ကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသည်။
-
ယင်း MMA ပြိုင်ပွဲတွင် MMA ပွဲစဉ်ပေါင်း ၁ဝ ပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ဖလိုင်းဝိတ်ပွဲစဉ်တွင် KAJI EBIN (ဖိလစ်ပိုင်)နှင့် RUDY AGUSTIAN (အင်ဒို နီးရှား)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ  RUDY AGUSTIAN က အနိုင်ရရှိခဲ့သည်။ ဘင်တန်းဝိတ်ပွဲစဉ်တွင် AHMAD QAIS JASOOR (အာဖဂန်နစ္စတန်)နှင့် MA XU DONG (တရုတ်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ AHMAD QAIS JASOOR က အနိုင်ရရှိခဲ့သည်။ ဖလိုင်းဝိတ်ပွဲစဉ်တွင် JOSEPH LASIRI (အီတလီ)နှင့် JOSH TONNA (သြစတြေးလျ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ  JOSH TONNA က အနိုင်ရရှိခဲ့သည်။
-
ဆက်လက်၍ ဝယ်သာဝိတ်ပွဲစဉ်တွင် LUIS SANTOS (ဘရာဇီး)နှင့် DAICHI ABE (ဂျပန်)တို့ ယှဉ်ပြိုင်ထိုးသတ် ရာ LUIS SANTOS က အနိုင်ရရှိခဲ့သည်။ ဖလိုင်းဝိတ် ပွဲစဉ်တွင် ရဲသွေးနီ(မြန်မာ)နှင့် မိုက်ရိုင်း(မြန်မာ)တို့ယှဉ်ပြိုင်ထိုးသတ်ရာတွင် ရဲသွေးနီက အနိုင်ရရှိခဲ့သည်။
-
စူပါစီးရီးပွဲစဉ်တွင် HAN ZI HAO (တရုတ်)နှင့် RYAN JAKIRI (ဖိလစ်ပိုင်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ HAN ZI HAO (တရုတ်)က အနိုင်ရရှိခဲ့ပြီး ကတ်ဝိတ်ပွဲစဉ်တွင် RADEEM RAHMAM (စင်ကာပူ)နှင့် MASAKAZU IMANARI (ဂျပန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ MASAKAZU IMANARI (ဂျပန်)က အနိုင်ရရှိခဲ့သည်။
-
လိုက်ဟဲဗီးဝိတ်ပွဲစဉ်တွင် IBRAHIM EL BOUNI (မော်ရိုကို)နှင့် TARIK KHBABEZ ( မော်ရိုကို)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ IBRAHIM EL BOUNI (မော်ရိုကို)က အနိုင်ရရှိ ခဲ့သည်။
-
ဖယ်သာဝိတ်ပွဲစဉ်တွင် ဖိုးသော်(မြန်မာ)နှင့် KEANU SUBBA (မလေးရှား)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ KEANU SUBBA (မလေးရှား)က အနိုင်ရရှိခဲ့သည်။ ယင်းပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သော မစ်ဒယ်ဝိတ်ချန်ပီယံရှစ်ပွဲစဉ်တွင် အောင်လ အန်ဆန်နှင့် ကရာကီ(လက်ဘနွန်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာတွင် အောင်လအန်ဆန်၏ လက်သီးချက်များကို ကရာကီမှာ မခံနိုင်သောကြောင့် ပထမအချီ၌ပင် အောင်လ အန်ဆန်က ကရာကီကို အနိုင်ရရှိခဲ့သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger