www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် (JMC-U) ကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံသို့ သွားရောက်



ရန်ကုန်  အောက်တိုဘာ  ၁
-
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လေ့လာရန် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် (မင်္ဂလာဒုံ) မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ထွက်ခွာကာ  ထိုမှတစ်ဆင့်  နီပေါနိုင်ငံ  ခတ္တမန္ဒူလေဆိပ်သို့ ဆက်လက် ထွက်ခွာ ခဲ့ကြောင်း သိရသည်။
-
(JMC-U) ကိုယ်စားလှယ် အဖွဲ့၏ နီပေါနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်ကို မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေ သံရုံးက စီစဉ်ပေးခြင်းဖြစ်ပြီး  ခရီးစဉ်မှာ  ခြောက်ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း  (JMC-U) မှသိရသည်။
-
(JMC-U) ၏ ခြောက်ရက်တာ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်အတွင်း နီပေါနိုင်ငံ ဒုတိယ သမ္မတ H.E. Mr. Nanda  Kishor  Pun ၊ နိုင်ငံခြားရေးဝန်ကြီ H.E. Mr. Pradeep Gay-wall အပါအဝင် အစိုးရအဖွဲ့ တာဝန် ရှိသူများ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလ အတွင်း ပါဝင်ခဲ့သူများနှင့် တွေ့ဆုံကာ နီပေါနိုင်ငံ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်မှု ဖြစ်စဉ်များကို လေ့လာသွားမည်ဖြစ်သည်။
-
နီပေါနိုင်ငံ ငြိမ်းချမ်းရေး လေ့လာရေး ခရီးစဉ်သို့  (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ(၂)စိုင်းမျိုးသန့်၊  (JMC-U) အဖွဲ့ဝင် များဖြစ်ကြသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေး အပါအဝင် စုစုပေါင်း ကိုယ်စား လှယ် အဖွဲ့ဝင် ၁၅ ဦး လိုက်ပါခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger