နေပြည်တော် အောက်တိုဘာ ၁
-
မောင်တောမြို့နယ် နယ်မြေ(၁) ဗန္ဓုလရဲကင်း စခန်းမှ ရဲမှူးဇော်လင်းအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၃ဝ ဦး၊ စကားပြန် တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြားစောင့်တပ် Targuchara ကင်းစခန်းမှ Naib Subedar Md. Nurul Haque ဦးဆောင်သော အဖွဲ့တို့သည် ယမန်နေ့ နံနက် ၆ နာရီ မိနစ် ၃ဝ မှ ၉ နာရီ ၁ဝ မိနစ်အချိန်ထိ မိမိတို့နိုင်ငံ အသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် (၅၄)မှ (၅၅) အထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။
-#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment