www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းပေါ်ရှိ မြေထိန်းနံရံ ပြိုကျ


ကျိုင်းတုံ အောက်တိုဘာ ၂
-
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက် ကျောက်တိုင်အနီး ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်းပေါ်ရှိ မြေထိန်းနံရံ ပြိုကျမှုဖြစ်ပွားကြောင်း သိရသည်။
-
ထိုသို့ မြေထိန်းနံရံ ပြိုကျမှုကြောင့် လမ်းတစ်ဝက် ပိတ်သွားခဲ့မှုကို လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးဝင်းဆန်းဦးနှင့် လမ်းလုပ်သား ဝန်ထမ်းများ၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
-
လမ်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ည ၇ နာရီခွဲတွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ အတွင်း ရေပြည့်လျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger