www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 1, 2018

ရွှေပြည်သာမြို့နယ်၊ အနောက်အုတ်ကျင်း ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၃ဝ
-
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နယ်၊  အမှတ်(၁၁)ရပ်ကွက်ရှိ  အနောက်အုတ်ကျင်း ကျောင်းတိုက်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ   သံဃာတော်များ၊ သာမဏေများ၊ ဆရာ၊ ဆရာမများ၊ အမှတ်(၁၁) ရပ်ကွက်နှင့် ပတ်ဝန်းကျင် ရပ်ကွက်များမှ  ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်း စစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းတိုက်၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်ငါးပါး၊ ရှင်သာမဏေ ၃၄ ပါး၊ ဆရာ၊ ဆရာမ ၂၉ ဦးနှင့် ဒေသခံ ပြည်သူ ၄၂၄ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ဆီးချိုရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ အထွေထွေရောဂါ  တို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မင်္ဂလာဒုံတပ်နယ်မှ တပ်မတော် အရာရှိကြီးများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အနောက် အုတ်ကျင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓမ္မသာမိအား ဖူးမြော်ကာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း   သတင်းရရှိသည်။
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger