www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 1, 2018

တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ၏ ဆက်ကြေးထပ်မံ ကောက်ခံမှုများ မဖြစ်ပွားစေရေး နယ်မြေလုံခြုံရေး ဖြန့်ခွဲဆောင်ရွက်၊ လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများ ပုံမှန်အတိုင်း သွားနိုင်

နေပြည်တော်  စက်တင်ဘာ  ၃ဝ
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌  ဖြတ်သန်းသွားလျက် ရှိသော  ခရီးသွားပြည်သူများထံမှ TNLA အကြမ်းဖက်သောင်းကျန်း သူများက စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်း တွင် မန်ပြိန်းကျေးရွာနှင့် နမ့်အွန်ကျေးရွာအနီးတို့တွင် အဖွဲ့များဖြန့်ခွဲ၍ လမ်းကြောင်းပိတ်ဆို့ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက နယ်မြေ ဖြန့်ခွဲ ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့ရသည်။
-
ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မန်ပြိန်းကျေးရွာအနီးရှိ TNLA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူများ ယင်းနေ့ညနေပိုင်းတွင် ကျေးရွာ ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ အလားတူ နမ့်အွန်ကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ၌ နေရာယူ   ပိတ်ဆို့ဆက်ကြေး ကောက်ခံလျက်ရှိ သည့်TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း များက ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကာ  ယနေ့နံနက်ပိုင်းတွင်  တပ်မတော် စစ်ကြောင်းများက တက်ရောက် ရှင်းလင်းခဲ့ရာ ရန်သူများ အနောက်ဘက်သို့ ဆုတ်ခွာသွား ကြောင်း သိရှိရသည်။
-
ဖြစ်စဉ်များ၌ ရန်သူ့ထံမှTNLA ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်း၊ အမ် ၂၂ သေနတ် သုံးလက်၊ ၎င်းကျည် ၈၃ တောင့်၊ လက်ပစ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့  ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
-
ယနေ့နံနက်ပိုင်းမှစတင်၍ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယာဉ် များနှင့် ခရီးသွားပြည်သူများ  ပုံမှန်အတိုင်း သွားလာနိုင်ခဲ့ပြီဖြစ်ကြောင်း  သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger