www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 31, 2018

စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ဖရင့်ပြုလုပ်

စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ဖရင့်ပြုလုပ်

နေပြည်တော် အောက်တိုဘာ ၃ဝ
-
တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာ  ဆိုင်ရာများ    အထောက်အကူပြုရန်နှင့်  လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး  တိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၈) "Conference on  Science  and  Technology  Development -2018  (CSTD  2018)" ဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းတွင်  ပြင်ဦးလွင် တပ်နယ်၊  စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)ရှိ နဝဒေးခန်းမ၌ ပြုလုပ်သည်။
-
အဆိုပါကွန်ဖရင့်သို့  တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော် တက္က သိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ ပြည်ပ တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်း တက်ရောက် နေသော သင်တန်းသား အရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တက် ရောက် လာကြသူများ နှင့်အတူ ပိုစတာပြခန်း များ၌ တပ်မတော် အရာရှိများနှင့် အရပ်ဘက် တက္ကသိုလ်များမှ  တင်သွင်းခင်းကျင်းပြသ ထားသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပိုစတာ၂၈ စောင်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဖိတ်ကြားထားသည့်   ပြည်ပ တက္ကသိုလ်များမှ ပါမောက္ခများက Keynote Speaker စာတမ်းသုံးစောင်ကို ဖတ်ကြားသည်။
-
နေ့လယ်ပိုင်းတွင်   သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနယ်ပယ်ခြောက်ခုဖြစ်သော Technological  Science၊ Environment-al Science၊ Information Technology၊ Manufacturing and  Automation၊ Energy  and Environment နှင့် Communication and Transportation ခေါင်းစဉ်များဖြင့် အခန်း ရှစ်ခန်းတွင် ဖိတ်ကြား ထားသော အထူး စာတမ်းရှစ်စောင်နှင့်  D.Sc ဘွဲ့၊ Ph.D ဘွဲ့၊ မဟာဘွဲ့ ရရှိပြီးသော အရာရှိများနှင့် ဆရာ၊ ဆရာမများ၊ တပ်မတော် တက္ကသိုလ်၊ အရပ်ဘက် တက္ကသိုလ်နှင့် ပြည်ပ တက္ကသိုလ်များ၌ D.Sc ဘွဲ့၊  Ph.D ဘွဲ့နှင့် မဟာ ဘွဲ့တက် ရောက်နေသူများ တင်သွင်းသော  စာတမ်း ၆၄ စောင်တို့ကို ဖတ်ကြားကြရာ ယနေ့တွင် စုစုပေါင်း စာတမ်း ၇၅ စောင် ဖတ်ကြားကြသည်။
-
သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေး ကွန်ဖရင့်ကို အောက်တိုဘာ ၃၁ ရက်အထိ ဆက် လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော Keynote Speaker စာတမ်းသုံးစောင် နှင့် အထူး စာတမ်းရှစ်စောင် အပါအဝင် စုစုပေါင်း စာတမ်း ၆၇ စောင်ကို ဆက်လက် ဖတ်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger