www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ သန်လျင်မြို့၌ပြုလုပ်


ရန်ကုန်  အောက်တိုဘာ ၂                                    
-
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်  ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင် မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး  ခရမ်း မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းများက သန်လျင်မြို့ရှိ ဗိုလ်ချုပ်နေဝင်းလမ်းနှင့် မင်္ဂလာလမ်းထောင့်၌ ပြုလုပ်သည်။
-
''ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်နဲ့ သုံးခွမြို့နယ်မှာရှိတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေနဲ့  အရန်အဖွဲ့ဝင် ၁၅ဝ ဦးက ငြိမ်းစုစီဥပဒေနဲ့ အညီ တပ်မတော်ကို  ထောက်ခံခြင်းနဲ့  ပြင်ပစွက်ဖက် လုပ်ဆောင်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့  ငြိမ်းချမ်းစွာ  ဆန္ဒဖော်ထုတ်တဲ့ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့    တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပအဖွဲ့အစည်းတွေရဲ့ ဝင်ရောက်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ခြင်းဖြစ်ပါတယ်'' ဟု သုံးခွ မြို့နယ်  စစ်မှုထမ်းဟောင်းအဖွဲ့  ဒုတိယ ဥက္ကဋ္ဌ   ဗိုလ်ကြီးကျော်မိုးကြွယ်(ငြိမ်း)က ပြောသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ခရမ်းမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သုံးခွမြို့နယ် တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန် အဖွဲ့ဝင် ၁၅ဝ ဦးက နိုင်ငံတော်အလံ၊ စစ်မှု ထမ်းဟောင်း အလံများနှင့်အတူ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏   မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊   တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊  တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ၊ မြန်မာ့ တပ်မတော်ကို  အပြည့်အဝ ထောက်ခံသည် စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး တစ်နာရီခန့် တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ  ယခုအကြိမ် အပါအဝင် အကြိမ် ၅ဝ  စုစုပေါင်း ၅၉၁ဝ၉၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံ ပွဲများ   ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger