www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 19, 2018

အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ အမျိုးသမီး အသင်း အပြီးသတ် လူရွေးချယ်

အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်  မြန်မာ အမျိုးသမီး အသင်း အပြီးသတ် လူရွေးချယ်
ရန်ကုန်  အောက်တိုဘာ  ၁၈
-
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပမည့် ၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ  အုပ်စု(စ)ပွဲစဉ်များ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
-
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက် နည်းပြ- ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး-ဖူးလဲ့နဒီ၊ သရဖီအောင်၊ ထက်အိန္ဒြာလင်း၊ နောက်တန်း-နန်းဇူးဇူးထက်၊ မိုးမိုးသန်း၊ ကြည်ပြာလင်း၊ သီတာဝင်း၊ အိအိကျော်၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ အေးအေးထွေး၊ သဇင် အောင်၊ အလယ်တန်း-မေဖူးကို၊ လင်းလဲ့ဦး၊ ဘွဲ့လျန်ကိန်း၊ နှင်းမြသဇင်၊ မိုးမမစိုး၊ ပုံ့ပုံ့ ပြည့်မောင်၊ ရှေ့တန်း-စန်းသော်သော်၊ ချိုချိုမြင့်၊နွယ်နီဝင်း၊ လင်းမြင့်မိုရ်၊ မြတ်နိုးခင်တို့ ပါဝင် ကြသည်။
-
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပဏာမကစားသမား ၂၆ ဦးအနက် သုံးဦးလျှော့ချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အပြီးသတ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ အပြီးသတ် ရွေးချယ်ရာတွင် မေသွေးကို၊ ဇင်ယော်ခင်နှင့် လှိုင်လှိုင်မြင့်တို့ ကျန်ရစ်ခဲ့ပြီး ယူ-၁၆ အမျိုး သမီးအသင်းမှ ရွေးချယ်ထားသည့် ကစားသမားများ အနက်   မြတ်နိုး ခင်နှင့် ပုံ့ပုံ့ပြည့်မောင်တို့ ပါဝင်လာသည်။
-
ခြေစစ်ပွဲ အုပ်စု(စ)ပွဲစဉ်များကို အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပ မည်ဖြစ်ပြီး အိမ်ရှင် မြန်မာ အသင်းနှင့်အတူ လာအို၊ အီရန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စု ပွဲများ အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် အီရန်နှင့် လာအို၊ အောက်တိုဘာ ၂၆ ရက် တွင် မြန်မာနှင့်လာအို၊  အောက် တိုဘာ ၂၈  ရက်တွင် မြန်မာနှင့် အီရန်အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger