www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

တရုတ်နှင့်ရေရှည်ကုန်သွယ်ရေးစစ်ပွဲဆီသို့ ဦးတည်သွားနိုင်သည့် အမေရိကန်



ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့ မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် (NAFTA) ကို အပြီးသတ်သဘောတူညီချက် 
ချမှတ်ခါနီးမှ ၎င်းလိုချင်တဲ့အချက်မရဟုဆိုကာ အဲဒီသဘောတူညီချက်ချမှတ်မယ့်ကိစ္စ ကို ဆိုင်းငံ့ခဲ့ပါတယ်။
-
ဒါ့အပြင် တောင်ကိုရီးယားအစိုးရနဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ခဲ့ပြီး ဂျပန်နိုင်ငံနဲ့ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ကမ်းလှမ်းနိုင်ခဲ့ပါတယ်။
-
အခုတော့ ဒေါ်နယ်ထရမ့်ဟာ မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ရေးသဘော တူစာချုပ်အသစ် ချုပ်ဆိုနိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်မှာထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒီကုန်သွယ်ရေးသဘောတူ 
စာချုပ်ဟာဆိုရင် ၁၉၉၄ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်ပြီး ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာမှ အမေရိကန်အတွက် ဘေးဒုက္ခဖြစ်စေတဲ့စာချုပ်ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ သဘောတူစာချုပ်အသစ်
မှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့အချက်တွေလည်း ပါဝင်လာပါတယ်။ အဲဒီအချက်တွေအနက် တစ်ခုက သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ တရုတ်သွင်းကုန်တွေကို အသုံးမပြုဖို့ဘဲဖြစ်ပါတယ်။
-
''တရုတ်ကုန်ပစ္စည်းတွေက အမေရိကန် ပြည်ထောင်စုရဲ့ဈေးကွက်အတွင်းမှာ ခိုင်မာတဲ့ရှယ်ယာတွေရရှိနေတဲ့အပေါ် အမေရိကန်အစိုးရက အဓိကပစ်မှတ်ထားတာဖြစ်နိုင်ပါတယ်'' လို့ ကနေဒါနိုင်ငံမှ မော်တော်ကား 
အစိတ်အပိုင်းများထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဖလာဗီယိုဗော့ကပြောပါတယ်။ နောက်တစ်ချက်ကတော့ စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကုန်ပစ္စည်းတွေကို ငွေကြေးလျှော့ရောင်းချခြင်းမလုပ်ဖို့ဖြစ်ပါ
တယ်။ ဒီအချက်ဟာဆိုရင် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုအပေါ် ယခင်က ပြုမူခဲ့တဲ့လုပ်ဆောင်မှုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲထားတဲ့အချက်ဖြစ်ပါတယ်။၏
-
ဒါ့အပြင် ယခုပြင်ဆင်ထားတဲ့စာချုပ်ပါအဖွဲ့ဝင်သုံးနိုင်ငံအနေနဲ့ တစ်နိုင်ငံက ဈေးကွက်စီးပွားရေးစနစ်မကျင့်သုံးတဲ့နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ်ဆိုပါက ကျန်နိုင်ငံတွေကို သုံးလ
ကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်။ အဲဒီမှာလည်း ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးတဲ့နိုင်ငံဆိုတာ တရုတ်နိုင်ငံကို သွယ်ဝိုက်ဆိုလိုထားခြင်းဖြစ်ပါတယ်။ 
-
ကနေဒါ သို့မဟုတ် မက္ကဆီကိုနိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်မကျင့်သုံးတဲ့ နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိ ခဲ့ပါကလည်း အမေရိကန်ပြည်ထောင်စုက အဲဒီသဘောတူညီချက်ကို တားမြစ်နိုင်စွမ်းရှိတယ်လို့ 

အဲဒီသဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။
-
''လွန်ခဲ့တဲ့လပေါင်းများစွာအတွင်း အမေရိကန်ပြည်ထောင်စုက ၎င်းရဲ့ကုန်သွယ်ဖက် နိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်ပြည် ထောင်စုဟာ တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုမပြု 
ဘဲနေနိုင်နေပါပြီ'' လို့ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၄၇ ဘီလီယံရှိတဲ့ ဆန်းလိုက်(ဖ်) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒက်မူလာကီးကပြောပါတယ်။ 
-
ဒီလိုပြောဆိုမှုဟာဆိုရင် တစ်ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးအတွက် သတင်းကောင်းနဲ့ သတင်းဆိုးပဲဖြစ်ပါတယ်။ အကောင်းဘက်ကကြည့်မယ်ဆိုရင် ဒေါ်နယ်ထရမ့်ဟာ ကုန်သွယ်မှုပုံစံအားလုံးကိုဆန့်ကျင်တဲ့ အလွန် တရာခွဲထွက်နေထိ 

ုင်လိုသူမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဂျေပီမော်ဂန်ချေ့(စ်)ရင်းနှီးမြှုပ် နှံမှုကုမ္ပဏီမှ စီးပွားရေးပညာရှင်တွေရဲ့အဆိုအရ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့စီးပွားရေးကို ပြောင်းပြန်ဖြစ်သွားစေမယ့် ကုန်သွယ်ရေး စစ်ပွဲကိုဖန်တီးခြင်းမရှိဘဲ 

ချုပ်တည်းထား တယ်လို့ ၎င်းတို့က ရှုမြင်ထားပါတယ်။
-
ဒါပေမဲ့ ဒေါ်နယ်ထရမ့်ဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲစတင်လိုက်တဲ့အတွက် လာမယ့်နှစ်မှာ နှစ်နိုင်ငံစလုံးရဲ့စီးပွားရေးကို အနည်းငယ်ကျဆင်းသွားစေမှာဖြစ်ပါတယ်။ 
ဒါ့အပြင် တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အပေါ်ယုံကြည်မှုလည်း အနည်းငယ်လျော့ ကျသွားမှာဖြစ်ပါတယ်။ 
-
''အခုအချိန်မှာ တရုတ်နိုင်ငံနဲ့ပတ်သက် ပြီးပြောဖို့ကစောနေပါသေးတယ်။ အခုတော့ မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာအသင့်မဖြစ်သေးပါဘူး။ ဒါ့အပြင် သူတို့ဟာ အမေရိကန်ပြည်ထောင်စုအပေါ် 

နှစ်ပေါင်းများစွာကြာအောင် အမြတ်ထုတ် လာတာဖြစ်ပါတယ်။ ဒါကြောင့် အမြန်ဆုံး ကောင်အထည်ပေါ်လာဖို့မရှိပါဘူး'' လို့ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁ ရက်မှာ လုပ်တဲ့ မြောက်အမေရိကလွတ်လပ်စွာကုန် 
သွယ်ရေးသဘောတူစာချုပ်အသစ် အတည်ပြုကြောင်းကြေညာပွဲမှာ ပြောသွားပါတယ်။
-
အမေရိကန်ပြည်ထောင်စုအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေချမှတ်နိုင်ရုံသာမက ဂျပန်၊ ဥရောပသမဂ္ဂတို့လိုမျိုး မဟာမိတ်တွေနဲ့ကုန်သွယ်ရေး ဆွေးနွေးပွဲတွေစတင်နိုင်ခြင်းဟာ မဟာဗျူ 
ဟာမြောက်ပြိုင်ဘက်တရုတ်နိုင်ငံနဲ့နှိုင်းယှဉ်ပါက ၎င်းရဲ့ဆွေးနွေးညှိနှိုင်းခြင်းဆိုတဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေတယ်ဆိုတာ ပြသနေခြင်းလည်းဖြစ်ပါတယ်။
-
''အမေရိကန်ပြည်ထောင်စုအနေနဲ့ ၎င်းရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်အသစ်တွေရရှိခဲ့မယ်ဆိုပါက တရုတ်နိုင်ငံအနေနဲ့ ထွက်ပေါက် မရှိ ပိတ်မိနိုင်မယ့်အနေအထားရှိပါတယ်။ 
ဘာကြောင့်လဲဆိုရင် အမေရိကန်ရဲ့အဓိက ကုန်သွယ်ဖက်နိုင်ငံအများစုဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်နေ လို့ပဲဖြစ်ပါတယ်'' လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့မှ တရုတ်နိုင်ငံအရေးကျွမ်းကျင် 
သူပညာရှင်ဟောင်း အက်စဝါပရာဆတ်က ပြောပါတယ်။
-
အမေရိကန်ပြည်ထောင်စုဟာ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်အသစ်တွေကို မကြာမီ ချုပ်ဆိုလာနိုင်မှာဖြစ်ပေမယ့်လည်း တရုတ် နိုင်ငံနဲ့တော့ အစောဆုံးအနေနဲ့ လာမယ့်နှစ် 
အထိ သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖွယ်မရှိ သေးပါဘူး။ ဒါကြောင့် အခုဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ၎င်းရဲ့စီးပွားဖက်နိုင်ငံ တွေနဲ့ ကုန်သွယ်ရေးပဋိပက္ခကိုဖြေရှင်းလိုက် နိုင်တာကြောင့် တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ 
ကုန်သွယ်ရေးစစ်ပွဲဟာ ရေရှည်ကုန်သွယ်ရေး စစ်ပွဲဆီသို့ ဦးတည်သွားနိုင်တာပဲဖြစ်ပါတယ်။
Ref: Bloomberg
ထက်မြတ်
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger