www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 13, 2018

အဆောက်အအုံများကို သံထည်နှင့်ဆောက်လုပ်ကြသဖြင့် လက်သမားလုပ်ကိုင်သူ နည်းပါးလာ



မင်းဘူး ၁၃-၉-၂၀၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သစ်၊ဝါးရှားပါးလာမှုကြောင့် သံထည်ပစ္စည်းများ အသုံးပြုဆောက်လုပ်သူ များပြားလာပြီး လက်သမားလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာကြောင်း လက်သမားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုအချိန်တွင် သစ်သားဖြင့် လေးပင်အိမ်တစ်လုံး ဆောက်မည်ဆိုပါက အချိန်တစ်လခွဲ၊ နှစ်လခန့်ကြာကြောင်း၊ အိမ်အပြီးလက်ခ ငွေကျပ် ၁၈သိန်းခန့် ပေးရကြောင်း၊ အလုပ်သမားတစ်ဦး တစ်ရက်လျှင် လုပ်အားခအဖြစ်ငွေကျပ် ၆ဝဝဝ ပေးရကြောင်း၊ ယခင်နှစ်များက ယခုကဲ့သို့ မိုးမကျ မီကာလများတွင် လုပ်ငန်းကို လက်မလည်အောင် လုပ်ရသော်လည်း ယခုနှစ်ပိုင်းတွင် အလုပ်အပ်သူ နည်းပါးခဲ့ကြောင်း၊ သံထည်ပစ္စည်းများ ပေါလာသောကြောင့် ဈေးနည်းသည့် သံထည်များနှင့် ဆောက်လုပ်ကြကြောင်း၊ မိမိတို့လည်း ယခင်နှစ်များကဲ့သို့ အလုပ်မဖြစ်ကြကြောင်း မင်းဘူးမြို့နယ် စိုင်ရှင်ကျေးရွာမှ လက်သမားဆရာ ကိုဌေးနိုင်က ပြောပြသည်။

"ယခုအခါ သစ်၊ဝါး ရှားပါးလာတာကြောင့် သစ်ဈေး၊ ဝါးဈေးတွေ ကောင်းနေတယ်။ သစ်ဈေးတွေ ကောင်းနေတော့ အဆောက်အအုံ ဆောက်လုပ်သူတွေဟာ သစ်အစား သံထည်တွေနဲ့ အစားထိုးဆောက်လုပ်တာတွေ များလာပါတယ်။ သံထည်ပစ္စည်းတွေနဲ့ဆောက်မယ်ဆိုရင် သစ်နဲ့ဆောက်မယ့် ကုန်ကျစရိတ်ထက် တစ်ဝက်လောက် ကုန်ကျစရိတ် သက်သာတယ်။ ဒါကြောင့် သစ်နဲ့ဆောက်တဲ့ အဆောက်အအုံတွေ နည်းလာသလို လက်သမားလုပ်ငန်း လုပ်ကိုင်သူတွေလဲ နည်းပါးလာတာဖြစ်တယ်။ မိသားစုစားဝတ် နေရေးကြောင့် တခြားအလုပ်တွေ ပြောင်းလုပ်ကြတာတွေ လဲရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger