www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 10, 2018

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ ဆာဖာရီ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ မျိုးစိတ်အသစ် နှစ်မျိုးရောက်ရှိ



ရန်ကုန် ၁ဝ-၉-၂ဝ၁၈

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် တိရစ္ဆာန်မျိုးစိတ်ပေါင်း များစွာပြသထားရာ ယနေ့တွင် ဆာဖာရီတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ မျိုးစိတ်အသစ်နှစ်မျိုး ရောက်ရှိလာကြောင်း တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ထံမှ သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ယခင်က တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၂ မျိုး ပြသထားပြီး ယနေ့မှစ၍ ဆာဖာရီတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှ အသစ်ရောက်ရှိလာသော ညာလာသမင် (Nyala)သုံးကောင်နှင့် နူးဆိတ် သမင်လေးကောင် တို့ကို အများ ပြည်သူကြည့်ရှုလေ့လာနိုင်ရန် ပြသထားကြောင်း သိရသည်။

''တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ နူးဆိတ်သမင်ကို အရင်ကပြဖူးတယ်။ ညာလာသမင်က မပြဖူးဘူး။တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ အရင်က မျိုးစိတ်ပေါင်း ၁၃၂ မျိုးရှိတယ်။ အခုနှစ်မျိုးပေါင်းရင် ၁၃၄ မျိုးရှိတယ်။ လာရောက် လည်ပတ်သူတွေက အခုတော့နည်းတယ်။ပွင့်လင်းရာသီမှာ လာရောက်လည်ပတ်သူထက် အခုချိန်မှာ လာရောက်လည်ပတ်သူတွေ အဆင်ပြေအောင် အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ပေးနေပါတယ်'' ဟု ဦးထွန်းဝင်းအောင် က ပြောသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူများ ကြည့်ရှုရန် ဆာဖာရီတိရစ္ဆာန် ဥယျာဉ်မှ ပေးပို့လိုက်သည့် အာဖရိကဆိတ်သမင် အုပ်စုဝင် ညာလာသမင်အထီး တစ်ကောင်၊ အမနှစ်ကောင်၊ နူးသမင် အထီးတစ်ကောင်နှင့် အမ သုံးကောင်သည် အရောင်အသွေး လှပသည့်မျိုးများ ဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger