www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 21, 2018

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံး၊ နယူးဒေလီမြို့မှ စစ်သံမိသားစုများနှင့် သင်တန်းသား အရာရှိများအား တွေ့ဆုံ၊ အိန္ဒိယကြည်းတပ်ဦးစီးချုပ်နှင့် ဇနီးတို့မှ တည်ခင်းသည့် ညစာစားပွဲ တက်ရောက်







နေပြည်တော် ၂၁-၉-၂ဝ၁၈

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ)ရုံး၊ နယူးဒေလီမြို့မှ စစ်သံရုံး အဖွဲ့ မိသားစုများနှင့် နယူးဒေလီမြို့တွင် သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားအရာရှိ ၇ ဦးတို့အား ဟိုတယ်၌ တွေ့ဆုံသြ၀ါဒ စကားပြောကြား၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြ သည်။ 

ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ည ၈ နာရီတွင် တည်းခိုရာ ဟိုတယ်မှ ထွက်ခွာလာရာ Army Battle Honours Mess သို့ ရောက်ရှိပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bipin Rawat နှင့်ဇနီးတို့မှ တည်ခင်း ဧည့်ခံသည့် တရားဝင်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်တို့သည် အပြန်အလှန်မိန့်ခွန်းပြောကြားခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger