www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 10, 2018

ရထားစီးခရီးသည်များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်၊ ရေတာရှည်မြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာအတွင်းရှိ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် အတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၁ဝ-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာချောင်းရေလှောင်တမံ၊ ရေလွှဲတံခါးကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက်စားမှုကြောင့် ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည် ၄၇၉ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၄၅၅ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးကိုလည်းကောင်း၊နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်မန္တလေး အဆန်ရထားခရီးစဉ် အမှတ်(၁၁)မှ ခရီးသည် ၃ဝ၇ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ် အမှတ်(၁၂)မှ ခရီးသည် ၃၂၁ ဦး၊ ရထားဝန်ထမ်း၁၂ ဦးကို လည်းကောင်း တပ်မတော် မော်တော်ယာဉ်များဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာတို့အကြား အပြန် အလှန်ပို့ဆောင်ပေးသည်။ 

ထို့ပြင် ရေတာရှည်မြို့နယ်၊ ထောက်ကြန့်ကွင်း ကျေးရွာတွင် ပြိုကျပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တပ်မတော်သား များက သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ခြံဝင်းအတွင်းရှိ အပျက်အစီးများ၊ အမှိုက်သရိုက်များ ဖယ်ရှားပေးခြင်းနှင့် နေအိမ်ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger