www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 10, 2018

နှစ်စဉ်စုပေါင်းလှူဒါန်းသည့် ပန္နရသမကြိမ် သောတာပန် ဆီအလှူတော် ကျင်းပပြုလုပ်




နေပြည်တော် ၁ဝ-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ လမ်း၈၀၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ ခြံအမှတ်(၂၂၂)တွင် ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ နှစ်စဉ်စုပေါင်းလှူဒါန်းသည့် ပန္နရသမ ကြိမ် သောတာပန်ဆီအလှူတော်ကို ယနေ့တွင်အဆိုပါနေရာ၌ကျင်းပပြုလုပ်ရာ အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက် နာယကချုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသဘိဝံသ၊ မဟာအောင် မြေမြို့နယ်၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းဦးစီးပဓာနဆရာတော် ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ အဂ္ဂဥညနဘိဝံသအမှူးပြုသော ဆရာ တော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းဦးစီးပဓာနဆရာတော် ရွှေကျင် နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်ထံမှ သြ၀ါဒကထာကို နာယူ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဝေရာရာမရန်ကင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဒါတသီရိဘိဝံသထံမှ ရေစက်ချအနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger