www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်ရှိ ငါးနီပဲဂိုဒေါင်၌ မီးလောင်မှုဖြစ်ပွား



နေပြည်တော် ၁၂-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၇၂ x ၇၃ လမ်း၊ ပျူစောထီးလမ်းနှင့် ကျန်စစ်သားလမ်းကြား၊ (ခ)ရပ်ကွက်ရှိ ဦးမြင့်နိုင် ပိုင်ဆိုင်သော ငါးနီပဲဂိုဒေါင်၌ စက်တင်ဘာ ၁ဝ ရက် ည ၆ နာရီ ၅မိနစ်ခန့်တွင် ဂိုဒေါင်အတွင်းရှိ ကုလားပဲများအား ဘွိုင်လာအိုးဖြင့် အခြောက်ခံရာမှ တစ်ဆင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်၂၅ စီး၊ အုပ်ချုပ်မှု ယာဉ် သုံးစီး တို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဂိုဒေါင်အတွင်းရှိ ငွေကျပ်သိန်း ၆ဝ ခန့်တန်ဖိုးရှိ ကုလားပဲ ၁ဝဝ အိတ် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ စက်ရုံတာဝန်ခံ ရန်နိုင်စိုး (ဘ) ဦးတုတ်ပေါအား ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger