www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 27, 2018

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်




နေပြည်တော် ၂၇-၉-၂ဝ၁၈

၂ဝ၁၈ ခုနှစ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား အသင်းများမှ အားကစားသမားများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်များဖြစ်သည့် ၄၉ ကီလို(ဂ)အဆင့်ပြိုင်ပွဲတွင် မကွေးတပ်နယ် အသင်းနှင့် မိတ္ထီလာတပ်နယ်အသင်း၊ ၆၉ ကီလို(ဂ)အဆင့်တွင် သပိတ်ကျင်း တပ်နယ်အသင်းနှင့် မန္တလေးတပ်နယ်အသင်း၊ ၆၉ ကီလို(ဂ)အဆင့်တွင် ပဒါန်းတပ်နယ် အသင်းနှင့် ပြင်ဦးလွင်တပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ 

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် အောက်တိုဘာ ၃ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger