www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 7, 2018

ရေဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရထားစီးခရီးသည်များကို တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရေဘေးရှောင်ပြည်သူများအတွက်စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

တပ်မတော်မှ City Bus မော်တော်ယာဉ်များဖြင့် ခရီးသည်များနှင့် ဝန်ထမ်းများအားပို့ဆောင်ပေးစဉ်။

နေပြည်တော် ၇-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် အုန်းပင်ကျေးရွာရှိ ဥက္ကံသာရာမ ဘုန်းတော်ကြီးကျောင်း၌ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ရေဘေးရှောင် ပြည်သူများကို ယနေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၁ ပါးနှင့် ရေဘေးရှောင်ပြည်သူ ၁၉၅ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် အဆိုပါဘုန်းတော်ကြီး ကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့၌ အုတ်တွင်းတပ်နယ်မှ တပ်မတော်သားများက စာသင်ခန်းများ အတွင်းရှိ နုန်းမြေများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ကျောင်းအတွင်းနှင့် ရွာအတွင်း လမ်းများမြေဖို့ပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ၊ အမှိုက်များရှင်းလင်း ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေဘေးရှောင် ပြည်သူများအတွက် ဆန်အိတ် ၂ဝ၊ ဆီပိဿာ၂ဝ၊ ပဲပိဿာ ၃ဝနှင့် ရေသန့်ဘူးများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ သုမနအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

၎င်းပြင် ရထားလမ်းပြုပြင်မှုများ ဆောင်ရွက်နေသည့် ရေတာရှည်နှင့် ဆွာဘူတာကြား၌ ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈စီးဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထားခရီးစဉ် အမှတ် (၃)မှ ခရီးသည် ၈ဝ၅ဦး၊ ရထားဝန်ထမ်း ၁ဝဦး၊ မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ်အမှတ်(၄)မှခရီးသည် ၄၄၈ဦး၊ ရထားဝန်ထမ်း ၁၂ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၂၅၈ဦး၊ ရထားဝန်ထမ်း ရှစ်ဦးနှင့် မန္တလေး-ရန်ကုန် အစုန်ရထားခရီးစဉ် အမှတ်(၁၂) မှ ခရီးသည် ၂၇၇ဦး၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကို လည်းကောင်း ဆွာ ဘူတာနှင့် ရေတာရှည်ဘူတာတို့ကြား အပြန်အလှန် ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger