www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 7, 2018

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်





နေပြည်တော် ၇-၉-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ တစ်ကိုယ်ရေသန့်ရှင်းရေးတို့နှင့်ပတ်သက်၍ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေး သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂ဝ၂ဝ ဦးတို့ကို ကလေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် နှလုံးခုန်နှုန်း စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည့်ရောဂါရှာဖွေ စမ်းသပ် ကုသပေးမှုများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger