www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 7, 2018

ကာယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၇-၉-၂ဝ၁၈

ကယားပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဖရူဆိုမြို့နယ် ရှားတောမြို့၊ ဖယ်ခုံမြို့နယ် အလယ်ကရမ်း ကျေးရွာအုပ်စု ဆီဘူးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူစုစုပေါင်း၁၃၉၇ဦးတို့ကို အဆိုပါမြို့များနှင့် ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဆေးကုသမှုဆိုင်ရာ ရောဂါ ၅၅၈ဦး၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ ၁၃၅ဦး၊ ကလေးရောဂါ ၂၂၆ဦး၊ သားဖွား မီးယပ်ရောဂါ ၈၆ဦး၊ အရိုးရောဂါ ၇၇ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၄၆ဦး၊ မျက်စိရောဂါ ၁၄၆ဦး၊ သွားနှင့်ခံတွင်းရောဂါ ၉၃ဦးနှင့် အထွေထွေရောဂါဦးရေ ၃ဝတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ သုံးဦးနှင့်အထွေထွေခွဲစိတ်လူနာ သုံးဦးတို့ကို ရွေ့လျားခွဲစိတ်ကုသ ယာဉ်ပေါ်၌ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၂ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ဦးရေ၄ဝ၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ သုံးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၃ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံလွှဲပြောင်း ကုသရန်လိုအပ်သည့် လူနာရှစ်ဦးကို လွိုင်ကော်မြို့ရှိ တပ်မတော် ဆေးရုံသို့တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လူနာများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger