www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 23, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Dynamic Display of Arms and Military Equipment သရုပ်ပြသမှုများနှင့် စစ်ဘက် နည်းပညာပြခန်းများအား ကြည့်ရှုလေ့လာ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Dynamic Display of Arms and Military Equipment သရုပ်ပြသမှုအခမ်းအနားသို့ တက်ရောက်ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံမှအသုံးပြုလျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်များ၊ သံချပ်ကာယာဉ်များနှင့် တင့်ယာဉ်များကို ကြည့်ရှုလေ့လာစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံမှအသုံးပြုလျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်များ၊ သံချပ်ကာယာဉ်များနှင့် တင့်ယာဉ်များကို ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံမှအသုံးပြုလျက်ရှိသည့် လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်များ၊ သံချပ်ကာယာဉ်များနှင့် တင့်ယာဉ်များကို ကြည့်ရှုလေ့လာစဉ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လေယာဉ်နှင့် စစ်ဘက်သုံးပစ္စည်းများကို ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၂၃-၈-၂ဝ၁၈

ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင်ကျင်းပ ပြုလုပ်လျက်ရှိသည့် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသား လုံခြုံရေးဖိုရမ် (Week of National Security) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် ကူဘင်ကာမြို့ရှိ Alabino လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် Dynamic Display of Arms and Military Equipment သရုပ်ပြသမှုအခမ်းအနားအား တက်ရောက် ကြည့်ရှုလေ့လာသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu ၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်စိုးဝင်းနှင့် မြန်မာ့တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတကာတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Dynamic Display of Arms and Military Equipment အစီအစဉ်များအဖြစ် ဖိုရမ်တွင်ပြသ ထားသည့်တင့်ယာဉ်များနှင့် သံချပ်ကာယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးယာဉ်များ နှင့်ဒုံးယာဉ်များအား မောင်းနှင်၍ ရွေ့လျားမှုစွမ်းရည်နှင့် ထိရောက်မှုစွမ်းအားများ သရုပ်ပြသမှု၊ ရဟတ်ယာဉ်များ စွမ်းရည်သရုပ်ပြ မောင်းနှင်မှုများအားကြည့်ရှုအား ပေးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) ရှိစစ်ဘက်နည်းပညာပြခန်းများနှင့် ရုရှားနိုင်ငံမှ အသုံးပြုလျက်ရှိသည့် လေကြောင်း ရန်ကာကွယ်ရေး လက်နက်စနစ်များ၊ သံချပ်ကာယာဉ်များ၊ တင့်ယာဉ်များ၊ လေယာဉ်များနှင့် စစ်ဘက်သုံး ပစ္စည်းများအား လိုက်လံကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါ နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018)သည်ရုရှား နိုင်ငံ၏စစ်ဘက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအား နိုင်ငံတကာသို့ပြသရန်၊ ရုရှားနိုင်ငံသားများမျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ နိုင်ငံတကာနှင့်စစ်ဘက်ဆိုင် ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန် အတွက်ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး အဆိုပါဖိုရမ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာစစ်လက်နက်ပစ္စည်း ကုမ္ပဏီပေါင်း ၁၅၀၀ ကျော်မှ ထုတ်လုပ်ထားသောလက်နက်များနှင့် ကာကွယ်ရေး ပစ္စည်းပေါင်း နှစ်သောင်းခြောက်ထောင်ကျော်အား စတုရန်းမီတာ ၂ သိန်းခန့်ဧရိယာ အတွင်း ပြပွဲအမျိုးအစား ပေါင်း ၁၄၀ ကျော်နှင့် ပြခန်းပေါင်းများစွာ ခင်းကျင်းပြသထားပြီး နိုင်ငံပေါင်း ၁၀၂ နိုင်ငံမှစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ရုရှားနိုင်ငံနှင့် နိုင်ငံတကာမှ စစ်ဘက်နည်းပညာ လေ့လာသူများ တက်ရောက် လေ့လာလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger