www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 23, 2018

မဘိမ်းမြို့နယ်အတွင်း ငွေကျပ်သိန်း ၅၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော် ၂၃-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ သြဂုတ်၂၁ရက် နံနက် ၁၁ နာရီခန့်တွင် လဝါကျေးရွာနေ ဦးမောင်လေး (ဘ) ဦးရှိန်၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ ကုန်းမခံကျေးရွာနေ ဦးဝင်းပိုင် (ဘ) ဦးအောင်ကြီးကို တွေ့ရှိရပြီး ဦးမောင်လေးသည် အထုပ်တစ်ထုပ်ကို နေအိမ်ပေါ်မှ ခြံဝင်းအတွင်းသို့ လွှင့်ပစ်လိုက်သည်ကို တွေ့ရှိရသဖြင့် သက်သေများနှင့်အတူ ရှာဖွေရာ အထုပ်အတွင်းမှ ဘိန်းဖြူ ၁ဒသမ ၁ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ်၂၁ရက် ညနေ၆နာရီခန့်တွင် မိုးလိုကျေးရွာ၏ အရှေ့မြောက်ဘက် ခြောက်မိုင်ခွဲခန့် အကွာသို့ အရောက်၌ မသင်္ကာဖွယ်တဲတစ်လုံး ကိုတွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ မန်ဂျော့ကျေးရွာနေ ဦးလီသား (ဘ) ဦးလီပါးကိုတွေ့ရှိရပြီး ၎င်း၏ ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် (တစ်ခွက်လျှင်၁ဝ ဂရမ်ပါ) သုံးခွက်၊ WYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝ၆ဝဝပြား၊ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၈ဝဝဝပြားတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် ငွေကျပ်သိန်း ၅၉ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မဘိမ်းမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger