www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်


မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်စဉ်။

နေပြည်တော် ၁၆-၈-၂ဝ၁၈

မောင်တောမြို့နယ် နယ်မြေ (၂) အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်းကင်းစခန်းမှ ဒုတိယရဲမှူးအောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၅ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၃၄) BGB တပ် Gorijonbuniya ကင်းစခန်းမှ ဒုတိယစခန်းမှူး Naib Subedar Md. Sultan Ahmad ဦးစီး ၁၅ ဦးတို့သည် သြဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝမှ မွန်းတည့် ၁၂နာရီထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၄ဝ မှ ၄၁ ထိ နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။

အလားတူ သြဂုတ် ၁၄ ရက် နံနက် ၁ဝ နာရီ ၁ဝ မိနစ်က မောင်တောမြို့ နယ်မြေ (၅) အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူးထွန်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင် ရှစ်ဦးသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်နှစ်စီးဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၂) နယ်ခြားစောင့်တပ်မှ Naib Subedar Sha Alome ဦးစီး ၁၁ဦးသည် စက်တပ်ရေယာဉ် နှစ်စီးဖြင့်လည်းကောင်း၊ စံပါယ်ပင်ရင်းချောင်းဝထိပ် နတ်မြစ်အလယ်နှစ်နိုင်ငံ နယ်နိမိတ်အနီးဆုံရပ် ရေမိုင် ၁၁၌ တွေ့ဆုံ၍ နတ်မြစ်ကြောင်းအတိုင်း ညှိနှိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁နာရီတွင် ပြူးမချောင်း ချောင်းဝအနီး ရေမိုင် ၁၄နှင့် ၁၅ ကြားသို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger