www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 21, 2018

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ




နေပြည်တော် ၂၁-၈-၂ဝ၁၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေ ယာဉ်မှူး ဖြစ်သူ Commander V SHIRDIKANT ဦးဆောင်ပြီး အရာရှိ၊ စစ်သည်များ လိုက်ပါလာသော ကော်ဗက် အမျိုးအစား စစ်ရေယာဉ် Khanjar (P-47) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၊ MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ Commander V SHIRDIKANT ဦးဆောင်၍ အရာရှိ ၁၇ ဦး၊ အခြားအဆင့် ၁ဝ၆ ဦးတို့လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် သြဂုတ် ၁၈ ရက်မှ ယနေ့အထိ နေထိုင်ကာ လေ့လာရေးခရီး လည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger