www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 21, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ရောက်ရှိ၊ မော်စကိုမြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်နှင့်တာဝန်ရှိသူများက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Domodedovo လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမြို့အတွင်းနှင့် ယဉ်ကျေးမှု အနုပညာအထင်ကရနေရာဖြစ်သော ရှေးဟောင်းလမ်း Old Arbat အတွင်း လမ်းလျှောက်၍ လှည့်လည်ကြည့်ရှု လေ့လာစဉ်။

နေပြည်တော် ၂၁-၈-၂ဝ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသား လုံခြုံရေးဖိုရမ် (Week of National Security) သို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့သည် သြဂုတ် ၁၉ ရက်ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Domodedovo လေဆိပ်သို့ ရောက်ရှိကြသည်။ လေဆိပ်၌ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေ၊ ရုရှားတပ်မတော်မှ Major General Majorov Viachevalv Victorovich နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ မြေအောက်ရထား Metro အား Teatralnaya ဘူတာမှ Arbatskaya ဘူတာအထိ လိုက်ပါစီးနင်းလေ့လာကြပြီး မော်စကိုမြို့ အတွင်းနှင့် ယဉ်ကျေးမှုအနုပညာအထင်ကရ နေရာဖြစ်သော ရှေးဟောင်းလမ်း Old Arbat အတွင်းလမ်းလျှောက်၍ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

အဆိုပါ မော်စကိုမြေအောက်ရထား Metro အား ၁၉၃၅ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါနေ့စဉ်ခရီးသည် ၉ သန်းခန့် အသုံးပြု လျက်ရှိသည်။ ၎င်းမြေအောက် ရထားအား လပေးစီးနင်းစနစ်ဖြင့် လည်းကောင်း၊ ခေါက်ရေစီးနင်းစနစ်ဖြင့်လည်းကောင်း လိုအပ်သလို ၀ယ်ယူစီးနင်းနိုင်ရန်စီမံပေးထားပြီး လပေးစနစ်၌တစ်လလျှင် ၂၆၄၈ ရူဘယ် ကျသင့်ပြီး ခေါက်ရေစနစ်၌ မိမိသွားလိုသည့်နေရာသို့ ခရီးစဉ်အစအဆုံး သွားရောက်ပါက ၅၅ ရူဘယ်သာကျသင့်သဖြင့် သက်သာပြီးအကျိုးရှိ ထိရောက်သောကြောင့် ခရီးသည်များ အဓိကအားထား အသုံးပြု လျက်ရှိသော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း သတင်းရရှိ သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger