www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 27, 2018

မကွေးတိုင်း ဒေသကြီးအတွင်း အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို အရေးယူဆောင်ရွက်သွားမည်



မကွေး ၂၇-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း အိမ်သုံးရေ သန့်စက်ဖြင့် ထုတ်လုပ် ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တိုင်းဒေသကြီး တာဝန်ခံဒေါက်တာ ပြည့်ထူးထံမှ သိရသည်။

အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်ပြီး ရေသန့်တံဆိပ် ကပ်နှိပ်ကာ ဈေးကွက်အတွင်း ရောင်းချနေခြင်းကို အရေးယူမည်ဖြစ်ပြီး နေအိမ်များနှင့် စားသောက်ဆိုင်များတွင် ဘူးအတွင်းထည့်သွင်း၍ အခမဲ့ဝန်ဆောင်မှု ပေးခြင်းများကို အရေးယူမည် မဟုတ်ကြောင်း သိရသည်။

"အိမ်သုံးရေသန့် စက်ဆိုတာ ရေကိုစစ်ပေးတာ ပဲရှိပါတယ်။ ပိုးကိုမသတ်နိုင်၊ သတ်နိုင်ဆိုတာ သေချာပြောလို့ တော့မရဘူး။ ရေသန့်မဟုတ်ဘဲနဲ့ ရေသန့်လို့ ပြောရောင်းတယ်ဆိုတဲ့ Issue နဲ့ အရေးယူသွား မှာဖြစ်ပါတယ်။ အဲဒီလို အရေးယူတဲ့အခါ မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အောက်မှာရှိတဲ့ ထုတ်ကုန်လုပ်ငန်း စိတ်ချရေး ကော်မတီဆိုတာ ရှိတယ်။ အဲဒီအဖွဲ့မှာ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ ဦးစီးဌာနတွေ၊ စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ လဲပါတယ်။ အဲဒီပူးပေါင်း အဖွဲ့အစည်းအနေနဲ့ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ တင်ပြတာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ခွင့်ပြုလိုက်တာပါ"ဟု မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့တာဝန်ခံ ဒေါက်တာ ပြည့်ထူးက ပြောပြသည်။

တိုင်းဒေသကြီးအတွင်း ရေသန့်ဈေးကွက်၏ ၃ဝရာခိုင်နှုန်းမှာ အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်သည့် ရေသန့်များဖြစ်ကြောင်း သိရသည်။ "ကျွန်တော့်ဆိုင်မှာတော့ ရေသန့်ကုမ္ပဏီ သုံးခု၊ လေးခုလောက်က ရေသန့်ဘူးတွေ မှာယူပြီး ပြန်လည် ရောင်းချပေးပါတယ်။ ရေသန့်စက်ကြီးနဲ့လား၊ အိမ်သုံးရေသန့်စက် နဲ့လားတော့ မသိဘူး။ ရေကုန်ခါနီးဆို ဆိုင်အရောက်လာချ ပေးနေကြတာပါ။ ကျွန်တော်တို့အနေနဲ့ ရေသန့်အစစ်လား၊ အတုလားမသိတော့ လာချပေးတာကို ရေခဲသေတ္တာထဲထည့်ပြီး ပြန်ရောင်းချပေး နေခဲ့တာပါ။ အစားအသောက်တွေကို အခုလို မကြာခဏစစ်ဆေး ဆောင်ရွက်သင့်ပါတယ်"ဟု မကွေးမြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger