နေပြည်တော် ၁-၈-၂ဝ၁၈
ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၄ ရက်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူ များသည် ရွှေဂွန်းကျေးရွာ၊ ကျွန်းရွှေဝါရပ်ကွက်ရှိ ရတနာမှန်ကျောင်းတိုက်နှင့် ရွာသစ်ရပ်ကွက်ရှိ အထက် ဘုန်းတော်ကြီးကျောင်းတို့၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက ဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉၂ စုမှ လူဦးရေ ၄၂၂ ဦးတို့ကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀၊ ဆန်၊ ဆီ၊ သောက်ရေသန့်နှင့် စား သောက်ဖွယ်ရာများပေးအပ်သည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အထက် ဘုန်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမနအားဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။
#Themyawadydaily








No comments:
Post a Comment