www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 15, 2018

ပုသိမ်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များမှ ၀ါဆိုသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်






နေပြည်တော် ၁၅-၈-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်နှင့် မရမ်းချိုကျောင်း ပရိယတ္တိစာသင်တိုက်များမှ ၀ါဆိုသံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ် လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်များ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ၀ါဆိုသံဃာတော် ၁၈၅ ပါးကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့်အဖွဲ့ဝင်များကသွား ရောက်ကြည့်ရှုဖူးမြော်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ ၀ဏ္ဏိတာဘိဝံသနှင့် မရမ်းချိုကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တသောဘိတတို့ကို သွားရောက်ဖူးမြော်၍ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger