www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 6, 2018

နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ


နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Rajendra Chhetri ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ စစ်တက္ကသိုလ်ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာစဉ်။

နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Rajendra Chhetri ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်သို့ သွားရောက်လေ့လာစဉ်။

နေပြည်တော် ၆-၇-၂ဝ၁၈

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Rajendra Chhetri ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် အထင်ကရ နေရာများသို့ သွားရောက် လေ့လာကြသည်။

ဦးစွာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စစ်တက္ကသိုလ်ရှိ ဗိုလ်လောင်းတပ်ရင်းများ၊ စာသင်ကြားနေမှုများနှင့် ပြတိုက်သို့ လှည့်လည်ကြည့်ရှု လေ့လာကြပြီး မင်းသုံးပါး ရုပ်တုရှေ့တွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော်နည်းပညာ တက္ကသိုလ်သို့ သွားရောက်၍ မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြသည်။ ယင်းနောက် ပြင်ဦးလွင်ရှိ နီပေါဘုရားရှိခိုးကျောင်း (Hindu Durga Temple) နှင့် အမျိုးသားကန်တော် ကြီးဥယျာဉ်သို့ သွားရောက်လေ့လာ ကြသည်။

မွန်းလွဲပိုင်းတွင် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်သို့ သွားရောက်လေ့လာကြပြီး ညနေပိုင်းတွင် မန္တလေးတောင်တော်သို့ သွားရောက်၍ နေဝင်ဆည်းဆာအလှကို ကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger