www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 24, 2018

မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးကဏ္ဍအတွက် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၉၉၉၁ သန်းကျော်ဖြင့် ဆောင်ရွက်ထား



မကွေး ၂၄-၇-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ကျန်းမာရေး ကဏ္ဍအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု အစိုးရခွင့်ပြုရန် ပုံငွေကျပ် ၁၉၉၉၁ ဒသမ ၇၃၁သန်းဖြင့် ဆောင်ရွက် ထားရှိကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးထံမှ သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဝန်ထမ်းအိမ်ရာများကို မြို့နယ် အသီးသီးမှ ကျေးလက် ကျန်းမာရေးဌာန ၁၆ခုနှင့် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ) ၉၆ခုတို့ကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၈၄၄၈ ဒသမ ၃၄၅သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးလက် ကျန်းမာရေးဌာန(ခွဲ) ၂၁၄ခုကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၂၂၃၉ ဒသမ ၆၈၆သန်းဖြင့် ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက် ရာတွင်တိုက်နယ် ဆေးရုံ ၁ဝ ခုရှိ တိုးချဲ့လူနာ ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဆေးစတိုနှင့် ခွဲစိတ်ခန်း ဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရခွင့်ပြု ရန်ပုံငွေကျပ် ၆၇၁၈ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း အမျိုးအစား ၁၉ဝ ဝယ်ယူ ဖြည့်တင်းရေးအတွက် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅၈၅ ဒသမ ၇ သန်းဖြင့် ဝယ်ယူပံ့ပိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger