www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 4, 2018

ကင်းမာငင်ခရိုင် ကနီမြို့နယ် ပွင့်ကားချောင်းဘေးတွင် တရားမဝင်ပိတောက်ခွဲသားများ ပိုင်ရှင်မဲ့သိမ်းစည်းရမိ



ကနီ ၄-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပွင့်ကားကျေးရွာအုပ်စု ပွင့်ကားကျေးရွာအနီး ပတ်ဝန်းကျင်နှင့် ပွင့်ကားချောင်း ဘေးတို့တွင် ဇူလိုင် ၂ရက်ညနေ ၄နာရီက တရားမဝင် ပိတောက်ခွဲသားများ ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင် ဦးဆောင်သော ဥယျာဉ်ဝန်ထမ်းများနှင့် မုံရွာခရိုင် စစ်ကြောင်းအဖွဲ့၊ကနီမြို့နယ် လာပို့ဘိနယ် သစ်တောဝန်ထမ်းများ၊ ပွင့်ကားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျန်ထွန်းစုစုပေါင်း ၁၂ ဦးတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် သတင်းအရ ဇူလိုင် ၂ရက်ညနေ ၄ နာရီက တရားမဝင်သစ်များကို ရှာဖွေဖမ်းဆီးလျက်ရှိရာ ကနီမြို့နယ် ပွင့်ကားကျေးရွာအုပ်စု ပွင့်ကားကျေးရွာ အနီး ပတ်ဝန်းကျင်နှင့် ပွင့်ကားချောင်းဘေးရှိ နေရာ ငါးနေရာမှ တရားမဝင် ပိတောက်ခွဲသား ၄၁ ချောင်း အလေးချိန် ၆ ဒသမ ၇၄၂၂ တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ရှာဖွေသိမ်းဆည်း ရမိသော တရားမဝင် ပိတောက်ခွဲသားများကို လာပို့ဘိနယ်သစ်တော ဝန်ထမ်းများက ပွင့်ကားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျန်ထွန်း နေအိမ်တွင် လုံခြုံစွာသယ်ယူ ထိန်းသိမ်းထားပြီး သစ်တော ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး သစ်ပိုင်ရှင်ကို ရှာဖွေစုံစမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger