www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 4, 2018

အမရပူရမြို့နယ်တွင် နေအိမ်အတွင်း ရေနွေးအိုးတည်ရာမှ မီးပွားလွင့်စင်၍ မီးလောင်မှုဖြစ်ပွား


မန္တလေး ၄-၇-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ်တွင် နေအိမ်အတွင်း မီးဖိုဖြင့် ရေနွေးအိုး တည်ထားခဲ့ရာမှ မီးပွားလွင့်စဉ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေး အမရပူရမြို့နယ် မိုင်တိုင်အမှတ် ၃ဝ၄၊ ၆ ဖာလုံ၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ပိုင်ရှင်ဦးညီညီ၏ (၁၂×၁၂)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အတွင်း ယနေ့နံနက် ၁ နာရီ မိနစ်၎ဝက ခြံစောင့် ဦးဘိုကြီးသည် မီးဖိုဖြင့် ရေနွေးအိုးတည်ထား ခဲ့ရာမှ မီးပွားများ လွင့်စဉ်၍ အနီးရှိ ထရံသို့ကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို နံနက် ၁ နာရီ ၄၅မိနစ်က သတင်းရရှိသဖြင့် မီးလောင်ရာသို့ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မျိုး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁ဝဦး၊ အရန်မီး သတ်တပ်ဖွဲ့ဝင် ဦးရေ ၃ဝ တို့ဖြင့်သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၂နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၂ နာရီ ၁ဝ မိနစ်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်၊ ဒဏ်ရာ၊ သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၁၂×၁၂) ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နှစ်ထပ်နေအိမ်တစ်လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၁၆ဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဘိုကြီး (ဘ) ဦးထွန်းရှိန်ကို အမရပူရမြို့နယ်၊ မြစ်ငယ် နယ်မြေရဲစခန်းကပ-၂၂၅/၂ဝ၁၈ ဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger