www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မွမ်းမံပြင်ဆင်မှုလုပ်ငန်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အကုန်တွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်နေ



ရန်ကုန် ၁၁-၇-၂ဝ၁၈

အမျိုးသား စာကြည့်တိုက် (ရန်ကုန်) ၏ မွမ်းမံပြင်ဆင်မှု လုပ်ငန်းများကို ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် အကုန်တွင် ပြီးစီးရန် ရည်မှန်း ဆောင်ရွက်နေပြီး၂ဝ၂ဝ ပြည့်နှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဇူလိုင် ၉ ရက်သတင်းများအရ သိရသည်။

ယခုအခါ ရန်ကုန်မြို့ကုန်သည် လမ်းနှင့် ၃၂လမ်းထောင့်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အဆောက်အအုံ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အဆောက်အအုံ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၂ဝဝ ခွင့်ပြုထားပြီး ဖြစ်သည်။

လက်ရှိတွင် မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်တင်ပြ တောင်းခံထားမှုမှာ အဆိုပြုငွေမှ ငွေကျပ် ၅၉၉၂သန်းဖြစ်ပြီး အဆောက်အအုံ ပိုင်းအတွက် ငွေကျပ်သန်း၂၆ဝဝခန့်နှင့် စာကြည့်တိုက် အပိုင်းအတွက် ငွေကျပ် ၃၃၉၂သန်းခန့်ဖြင့် ပြုပြင်မွမ်းမံ ပြင်ဆင်ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ အမျိုးသား စာကြည့်တိုက်သည် နိုင်ငံတော်အဆင့် စာကြည့်တိုက်တစ်ခု ဖြစ်နေ၍ မြန်မာနိုင်ငံအတွင်း ထုတ်ဝေသည့်စာအုပ် စာတမ်းများကို စုဆောင်းထားရှိ ပေးထားသည့် အပြင် အာဆီယံဒေသ တွင်းနိုင်ငံများက စာအုပ်စာတမ်းများ၊ အာရှဒေသကစာအုပ် စာတမ်းများနှင့် သုတေသီများ လိုအပ်သည့် စာအုပ်များကို စုဆောင်းထားရှိ ပေးထားသည်။ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့်ပေ၊ ပုရပိုက်များကိုလည်း စုဆောင်းထားသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger