www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 2, 2018

ငွေကျပ်ပေါင်း ၈ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော် ၂-၇-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများကို စစ်ဆေးဆောင်ရွက်စဉ် ဇွန် ၂၉ရက်ညနေ ၆နာရီ ၄၅မိနစ်ခန့်တွင် ကလောမြို့ ဘက်မှ သာစည်မြို့ဘက်သို့ စိုင်းပန်(ဘ)ဦးဆန်ကော မောင်းနှင်ပြီး ဦးဆန်ကော(ဘ) ဦးလွန်ပေါ လိုက်ပါလာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အမှတ်၊YGN 2E/----ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော အစိမ်းရောင် ပလတ်စတစ်ဖြင့် ထုပ်ထားသည့် ဘိန်းဖြူဘလောက်တုံး ၁ဝဝနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝဝ (စုစုပေါင်ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၈၂၅ဝ) တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ ၊မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို ကလောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger