www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 24, 2018

ကျောက်မီးသွေးစနစ်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရေး နေပြည်တော်ထိ ချီတက်ဆန္ဒဖော်ထုတ်မည့်အစီအစဉ် ပိတ်ဆို့တားဆီးခံရ



မန္တလေး ၂၄-၇-၂ဝ၁၈

ကျောက်မီးသွေး စနစ်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရေး ဆန္ဒဖော်ထုတ်သည့် ဒေသခံဦးရေ ၅ဝ ကျော်တို့သည် ယနေ့တွင် ပိတ်ဆို့ တားဆီးခံခဲ့ရကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့သည့် ဦးသန်းလွင်က ပြောပြသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေး စနစ်သုံးဘိလပ်မြေ စက်ရုံစီမံကိန်းအား အမြန်ဆုံးဖျက်သိမ်း ပေးရေး တောင်းဆိုကာ နေပြည်တော်ထိ လမ်းလျှောက် ချီတက်ကြမည့် ဒေသခံဦးရေ ၅ဝ ကျော်တို့သည် ယနေ့ နံနက်ပိုင်းက ပုသိမ်ကြီး မြို့နယ်အထွက် ကြာနီကန်ကျေးရွာ နားတွင် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံ ခဲ့ကြရကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

"ရဲအင်အားက ၈ဝ လောက်ရှိမယ်။ ကားတွေနဲ့ပိတ်ဆို့ တားဆီးထားတယ်။ သူတို့ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်မပြုလို့ပြောတယ်။ ကျွန်တော်တို့က အကြောင်းကြားစာကို ပေးပို့ပြီးသားပါ။ အခုတော့ တောင်သူတွေအနေနဲ့ လူစုခွဲလိုက်ပြီး အိမ်ပြန်လိုက်ကြပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တောင်သူတွေ အနေနဲ့ကတော့ ဆက်လက်ဆန္ဒ ဖော်ထုတ်ဖို့ လုပ်ဆောင်သွားမယ်"ဟု ဦးသန်းလွင်က ဆက်လက်ပြောပြသည်။

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာတွင် တည်ဆောက်မည့် တန်၅ဝဝဝ ကျ ကျောက်မီးသွေး စနစ်သုံးဘိလပ်မြေ စက်ရုံစီမံကိန်းကို ဒေသခံများအနေဖြင့် ကန့်ကွက်လျက်ရှိကြပြီး အမြန်ဆုံး ဖျက်သိမ်းပေးရေး သက်ဆိုင်ရာအစိုးရအဖွဲ့များထံသို့ စာတင်ထားသော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မရှိသည့်အတွက် ယနေ့မှ စတင်ကာ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ရန် လုပ်ဆောင်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger