www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 26, 2018

(၁၄) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် Safety First ဖြစ်စေရေး ယမ်းပိဿာချိန် ကန့်သတ်မည်



မန္တလေး ၂၆-၆-၂ဝ၁၈

(၁၄)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတွင် Safety First ဖြစ်စေရေး ယမ်းပိဿာချိန် ကန့်သတ်မည် ဖြစ်ကြောင်း ၎င်းပွဲတော်စတင် ဖန်တီးခဲ့သည့် မဟာအံ့ထူး ကံသာဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက ပြောပြသည်။

ပြင်ဦးလွင်မြို့တွင် ၂ဝဝ၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့် တန်ဆောင်တိုင် ပွဲတော်ကာလကို နှစ်စဉ်နိုဝင်ဘာလ အတွင်းကျင်းပလေ့ရှိရာ မကြာမီရောက်ရှိ လာတော့မည့် (၁၄) ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်တွင် ယခင်နှစ်များကထက် ပိုမိုလုံခြုံ စိတ်ချရမှု ရှိစေရေးအတွက် လွှတ်ကွင်းအတွင်း ပြည်သူလူထု ဝင်ရောက်မှု မရှိစေရေးအပြင် ယမ်းပိဿာချိန်ကိုပါ ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်တွင် ကြုံတွေ့ရသည့်ပြဿနာ တစ်ရပ်မှာ မီးပုံးပျံ လွှတ်တင်ချိန်တွင် ပြည်သူလူထုမှ လွှတ်ကွင်းအတွင်း ဝင်ရောက်လာမှုများ ပင်ဖြစ်ပြီး ထိုသို့ ကန့်သတ်ဧရိယာ အတွင်းဝင်ရောက်မှု ကြောင့် မီးပုံးပျံ ပျက်ကျပါက အသက်အန္တရာယ်ပင် ထိခိုက်နိုင်သည့် အတွက် ၎င်းပြဿနာများကို ယခုနှစ်တွင် အဓိကထားဖြေရှင်း သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ (၁၄)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကာလတွင် ပြိုင်ပွဲဝင်မည့် မီးပုံးပျံ အသင်းများအနေဖြင့် မိမိတို့လွှတ်တင်မည့် မီးပုံးပျံ အရွယ်အစား ပေါ်မူတည်၍ ယမ်းပိဿာချိန်ကိုက်ညီမှု ရှိ၊မရှိကိုပြိုင်ပွဲမစတင်မီ စစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေး သွားမည်ဖြစ်ရာ ယမ်းကိုလည်း ပိဿာချိန်၎ဝထိသာ ကန့်သတ်သွားမည်ဖြစ်ပြီး အကယ်၍ ပြိုင်ပွဲဝင်အသင်း များအနေဖြင့် ကန့်သတ်ထားသည့် ပိဿာချိန်ထက် ပိုမိုချိတ်ဆွဲထားပါက ပြန်လည် လျှော့ချရမည် ဖြစ်ကြောင်း သိရသည်။

"မီးပုံးပျံပျက်ကျလို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ထိခိုက်တာတွေရှိတယ်။ ဒါတွေက ကန့်သတ်ဧရိယာ လွှတ်ကွင်းအတွင်း ဝင်ကြည့်တဲ့အတွက် ထိခိုက်ဒဏ်ရာ တွေရခဲ့ကြတယ်။ ဒီလိုမျိုးတွေ မရှိအောင် ပွဲတော်လာပြည်သူ လူထုအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒီနှစ်ကျင်းပမယ့် တန်ဆောင်တိုင် ပွဲမှာကြည့်ရှု အားပေးကြဖို့ မေတ္တာရပ်ခံပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger