www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 13, 2018

မြို့တော်စည်ပင်ရှိ လုပ်ငန်းသုံးယာဉ်များ တင်ဒါစနစ်ဖြင့် GPS တပ်ဆင်မည်



မန္တလေး ၁၃-၆-၂ဝ၁၈

မန္တလေးမြို့တော် သန့်ရှင်းသာယာ လှပရေးအတွက် အသုံးပြုနေသည့် လုပ်ငန်းသုံး ယာဉ်မျိုးစုံကို တင်ဒါစနစ် ခေါ်ယူ၍ GPS တပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မော်တော်ယာဉ်ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုလက်ရှိအချိန်တွင် အမှိုက်သိမ်းယာဉ်၊ မိလ္လာယာဉ် အပါအဝင် လုပ်ငန်းသုံး ယာဉ်အစီးရေ ၃ဝကို စမ်းသပ်သည့် အနေဖြင့် GPS တပ်ဆင်၍ လုပ်ငန်းလည်ပတ် မှုများကို စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"လောလောဆယ် အစမ်းတပ်ထားတာပါ။ တင်ဒါခေါ်ယူ ပြီးတော့မှ တပ်ဆင်မှာဆိုတော့ ကုမ္ပဏီတွေသူတို့ GPS တွေလာရောက် ပြသတဲ့အခါမှာ တပ်ဆင်မှာပါ။ ယာဉ်တွေအားလုံးကိုတော့ မတပ်ဆင်ရသေးပါဘူး။ နောက်ပိုင်းမှ တင်ဒါခေါ်ယူပြီးတော့ လုပ်ငန်းသုံးယာဉ်တွေ အားလုံးကို တပ်ဆင်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး လုပ်ငန်းများအတွက် အသုံးပြုနေသည့် ယာဉ်မျိုးစုံကို GPS စနစ်တပ်ဆင်ခြင်းဖြင့် လုပ်ငန်းများ မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိ၊မရှိ၊ သတ်မှတ်ထားသည့် လမ်းကြောင်းများမှ မောင်းနှင်ခြင်း ရှိ၊မရှိစသည့် အချက်အလက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

GPS တပ်ဆင်ရတာ ကတော့ အမှိုက်သိမ်းယာဉ်တွေ၊ မိလ္လာယာဉ်တွေ တစ်နေ့ကို ဘယ်နှခေါက်သွားလဲ။ သတ်မှတ်ထားတဲ့ အခေါက် အရေအတွက် ပြည့်ရဲ့လား။ ဘယ်လမ်းကြောင်းတွေကနေ မောင်းနေလဲ။ နေ့စဉ်လုပ်ဆောင် ချက်တွေကို အတည်ပြုချက်လုပ်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့တော်သန့်ရှင်း လှပရေးလုပ်ငန်းများကို ဖြည့်တင်းလုပ်ဆောင် နိုင်ရန်အတွက် အထောက်အကူပြုရန် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတာကာလတွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့်ယန္တရား ရှစ်မျိုးကိုလည်း ဝယ်ယူထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger