www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 20, 2018

မကွေးတိုင်း ဒေသကြီးတွင် ဆိပ်ခံဗောတံတား တစ်စင်းရောက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်တော့မည်



မကွေး ၂ဝ-၆-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကိစ္စများတွင် အသုံးပြုရန် ဆိပ်ခံဗော တံတားတစ်စင်း ရောက်ရှိ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနညွှန့်ကြားရေးမှူး ဦးမြင့်စိုးထံမှ သိရသည်။

ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်ပြီး ရေကြောင်းမှ သွားရသည့် ကိစ္စများတွင် ဆိပ်ခံဗော တံတားယာဉ်နှင့် အလွယ်တကူ ရွေ့ပြောင်း သယ်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နိုင်ငံတော်က ရေဘေး ကယ်ဆယ်ရေးအတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန့်ကြားရေးမှူး ဦးမြင့်စိုးက ပြောပြသည်။

အဆိုပါ ဆိပ်ခံဗောတံတားမှာ အလျားပေ ၆ဝ၊ အနံပေ ၃ဝ၊ အမြင့် ခြောက်ပေနှင့် ရေစူး ၁၃လက်မရှိကာ ပြည်တွင်းတွင် တည်ဆောက်ခြင်းကြောင့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၉ဝဝဝဝခန့် ကုန်ကျကြောင်း သိရသည်။

"ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် ရေဘေး ကယ်ဆယ်ရေးနဲ့ သဘာဝဘေး အန္တရာယ် ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ဆိပ်ခံဗောတံတား တစ်စင်းရရှိခဲ့တာ ကောင်းပါတယ်။ မနှစ်က ရေကြီးနစ်မြုပ်တဲ့ ဒေသတွေမှာ ဧရာဝတီမြစ် ရေလယ်ကျွန်းတွေ ပေါ်ကလူတွေနဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကို မန်းရေနံမြေက မုတ္တမသင်္ဘောနဲ့ ကယ်တင်ခဲ့ရတယ်။ အခုလို ရေဘေးနဲ့ သဘာဝဘေး တွေအတွက် အရေးကြီးတဲ့ ဆိပ်ခံဗောတံတား ယာဉ်ရရှိခဲ့တာ ကယ်ဆယ်ရေး လုပ်ငန်းအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်"ဟု မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger