www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 29, 2018

ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာအဖွဲ့ မောင်တောဒေသတွင် ကွင်းဆင်းသတင်းရယူ


ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့ငါးခူရပြန်လည် လက်ခံရေးစခန်းတွင် သတင်းရယူစဉ်။

စစ်တွေ ၂၉-၆-၂ဝ၁၈

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကြသည်။

ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာအဖွဲ့သည် အင်းဒင်ကျေးရွာတွင် အကြမ်းဖက် ဖြစ်စဉ်ကြုံတွေ့ခဲ့ရမှုနှင့် ကျေးရွာ၏ ပကတိ အခြေအနေမှန်များကို ကျေးရွာသားများနှင့် တွေ့ဆုံ၍ လွတ်လပ်စွာ သတင်းရယူ ကြသည်။

ထို့နောက် မောင်တောမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသအတွင်း ပြန်လည်ဝင်ရောက် လာမည့်သူများကို စိစစ်လက်ခံရေး၊ နေရာချထားရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ပြန်လည်ဝင်ရောက် လာသူများကို ယာယီလက်ခံမည့် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် စခန်းတည်ဆောက် ပြီးစီးမှု အခြေအနေများကို သတင်းရယူကြသည်။

ဆက်လက်၍ စခန်းအတွင်းရှိ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့်အစ္စလာမ် ဘာသာဝင်များကိုတွေ့ဆုံ၍ သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger