www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 29, 2018

(၃၂) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ပထမနေ့ကျင်းပ


မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Lt. Gen. Vijak Siribunsop တို့ အစည်းအဝေးတက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၃၂) ကြိမ်မြောက်မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen.Vijak Siribunsop နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt. Gen.Vijak Siribunsop တို့က အမှာစကား အသီးသီး ပြောကြားပြီး နှစ်နိုင်ငံ အဖွဲ့ဝင်များက အပြန်အ လှန်မိတ်ဆက် ကြသည်။

ထို့နောက် နှစ်နိုင်ငံ အဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ် ခြားကော်မတီ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပ ရာမြန်မာကိုယ်စား လှယ်အဖွဲ့အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ခိုင်လင်း၊ ထိုင်းကိုယ်စားလှယ် အဖွဲ့အတွင်း ရေးမှူး Maj. Gen. Songtham Sittipong နှင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ အဖွဲ့ဝင်များက (၃၁) ကြိမ်မြောက် မြန်မာထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး မှတ်တမ်းအား ပြန်လည် သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအား ပူးပေါင်းနှိမ်နင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ် ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger