www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 25, 2018

မူဆယ်မြို့မ ရဲစခန်းတွင် ၂ဝ၁၇ ခုနှစ်က ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသက်သေခံ ပစ္စည်းများ ဖျက်ဆီး



မူဆယ် ၂၅-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့မ ရဲစခန်းတွင် ၂ဝ၁၇ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာပုဒ်မများဖြင့် ဖမ်းဆီး ရမိထားသည့် သက်သေခံ ပစ္စည်းများကို ယနေ့တွင် ဖျက်ဆီးခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။

မူဆယ်မြို့မ ရဲစခန်းတွင် ၂ဝ၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဟိုက်ဒရိုကလိုရစ် အက်စစ်၊ ဆာလဖြူရစ် အက်စစ်နှင့် အခြားဆက်စပ် ပစ္စည်းများကို မူဆယ်မြို့နယ် ၁ဝ၅ မိုင် မိုင်းယု ကျေးရွာနှင့် ပန်ဆိုင်းသို့သွားသော လမ်းဘေးရှိ ချောက်အတွင်း စွန့်ပစ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"ဖမ်းဆီးရမိထားတဲ့ ပစ္စည်းတွေကို စွန့်ပစ်တာပါ။ ကျန်တဲ့မီးရှို့ဖျက်ဆီးဖို့ အတွက်ကတော့ မန္တလေး၊တောင်ကြီး၊ ရန်ကုန်တွေမှာ မီးရှို့ဖျက်ဆီးမှာ ဖြစ်ပါတယ်"ဟု မူဆယ်အမှတ် (၂၂) မူးယစ်တပ်ဖွဲ့စုမှ တာဝန် ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ စွန့်ပစ်ဖျက်ဆီးရာတွင် ဟိုက်ဒရိုကလိုရစ် အက်စစ် (၈ဝ၆၇၂ ဒသမ ၄၃) လီတာ၊ ဆာလဖြူရစ်အက်စစ် (၆၉၉၈ဒသမ၂၅) လီတာတို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"၂ဝ၁၆ခုနှစ် အတွင်းကလဲ ဖျက်ဆီးခဲ့ဖူးပါတယ်။ တန်ဖိုးတော့ မသိရသေးပါဘူး။ ဒါကဒုတိယ အကြိမ်ဖြစ်ပါတယ်"ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံအတွင်း နှစ်စဉ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များနှင့်ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger