www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 13, 2018

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လမ်း၊ တံတား ပျက်စီးမှုများအား နယ်မြေခံတပ်မတော်သားများက ပြန်လည်ကူညီပြုပြင်






နေပြည်တော် ၁၃-၆-၂ဝ၁၈

ရခိုင်ပြည်နယ်အတွင်း ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့နယ်၊ ချိုင့်ကြီးကျေးရွာနှင့် ကမာကျေးရွာကြား မိုင်တိုင်အမှတ်၊ ၂၂ မိုင် ၄ ဖာလုံခန့်ရှိ ကားလမ်း၌ ရေတိုက်စား၍ အနက် ၈ ပေခန့် ချိုင့်ဝင် ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များဖြတ် သန်းသွားလာနိုင်ခြင်းမရှိသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများက မြေသားတစ်ထပ်၊ ကျောက်သားတစ် ထပ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ သံတွဲမြို့နယ်၊ အထက်နန်း ချောင်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်းပေါ်သို့ သစ်ပင်သစ် ကိုင်းများပြိုလဲ ခဲ့သဖြင့် သစ်ပင် သစ်ကိုင်းများအား ဖယ်ရှား ရှင်းလင်းပေးခြင်း၊ တောင်ကျရေမြင့်တက်မှုကြောင့် ဇွန် ၁၁ ရက်တွင် အမှတ်(၆၈) ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် စင်တော်ကောက် ဆီဆိုင်ကြား၌ ကားလမ်း ရနစ်မြုပ်ခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ရေးအတွက် ရေမြုပ်နေသောလမ်းဘေး ဝဲ၊ ယာ၌ လမ်းအမှတ်အသား ငုတ်တိုင်စိုက်ခြင်းနှင့် လမ်းများ ရှင်းလင်းပေးခြင်းများကို သံတွဲတပ်နယ်မှ တပ်မတော် သားများက ကူညီဆောင်ရွက်ပေးသည်။

ထို့အတူ အမ်းမြို့နယ်၊ ဟင်းရွက်ကျေးရွာ နှင့်ပဒဲကျောကျေးရွာကြားရှိ အမ်း-မအီကား လမ်း၌ ဇွန် ၁၁ ရက်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တံတားပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် ယာယီတံတားခင်းခြင်း လုပ်ငန်းများကို အမ်းတပ်နယ်ရှိ တပ်မတော်သားများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger