www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 11, 2018

၂၂ ဘီး ဆီဘောက်ဆာ ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေး ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှု ဖြစ်ပွား



သီပေါ ၁၁-၅-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာ အနီးတွင် ၂၂ဘီး ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေး ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့မရဲစခန်းမှ ဒုတိယရဲအုပ် ဝင်းဇော်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များသည် မေ ၉ရက်နံနက် ၆ နာရီ ၁၅ မိနစ်က သီပေါမြို့နယ် ဘော်ကြိုကျေးရွာ အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရဲကင်းစခန်းမှူး ရဲအုပ်ကံညွန့်ပါဝင်သော သက်သေများနှင့်အတူ အချင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ မန္တလေး-လားရှိုးသွား ကားလမ်းမိုင်တိုင် အမှတ်(၁၂၃/၃)နှင့်(၁၂၃/၄) ကြားတွင် လားရှိုးဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ချစ်မင်းလှိုင် (ဘ) ဦးသောင်းမင်း ထုံးဘိုကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်ဇင်ကို (ဘ) ဦးတင်အောင် ကျောက်ချောကျေးရွာ ပုသိမ်ကြီးမြို့နယ် နေသူလိုက်ပါလာသည့် ယာဉ်အမှတ် MDY-4K/ ----၂၂ဘီး ဆီဘောက်ဆာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ခြမ်းရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ချစ်မင်းလှိုင်ကို သီပေါမြို့မ ရဲစခန်းက ယာဉ်(ပ) ၂၇/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger