www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 17, 2018

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဧပြီလအတွင်း ကုန်သွယ်မှု လျာထားချက်ပမာဏထက် ကျော်လွန် ဆောင်ရွက်နိုင်ခဲ့



နေပြည်တော် ၁၇-၅-၂ဝ၁၈

ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည့် ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းမှကုန်သွယ်မှု လျာထားချက် ပမာဏထက် ကျော်လွန် ဆောင်ရွက်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး သတင်းများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။

မြန်မာ-တရုတ်နယ်စပ် ရှိကန်ပိုက်တီ ကုန်သွယ်ရေး စခန်းသည် ဧပြီလတွင် ပို့ကုန် အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၅၁၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ဝ၈ သန်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် လစဉ်လတိုင်း တစ်လအတွင်း ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုပမာဏ အခြေအနေများကို လျာထားသတ်မှတ် ဆောင်ရွက် လျက်ရှိသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်း အနေဖြင့် ပြီးခဲ့သည့် ဧပြီလက ပို့ကုန်ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ငါးသန်းနှင့် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သုံးသန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ရှစ်သန်းဆောင်ရွက်ရန် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ လျာထားဆောင်ရွက်ခဲ့ရာ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန် ဒေါ်လာ ၃၅ သန်းကျော် ဆောင်ရွက် နိုင်ခဲ့သဖြင့် လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger