www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 17, 2018

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ဆွဲကြိုးဖြုတ်ယူ ထွက်ပြေးသူများ ဖမ်းဆီးရမိ



လားရှိုး ၁၇-၅-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၁)တွင် အမျိုးသမီးတစ်ဦးထံမှ ဆွဲကြိုးဖြုတ်ယူ ထွက်ပြေးသူများကို အချိန်မီဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ (၄)ရှိ ဒေါ်စန္ဒာလွင်(ဘ) ဦးတင့်လွင်၊ ရပ်ကွက်(၇) နယ်မြေ (၁ဝ) ရွှေသံလွင်လမ်း လားရှိုးမြို့နေသူသည် မေ ၁၅ ရက် နံနက် ၁ဝနာရီမိနစ် ၃ဝက ၎င်း၏ မိတ်ဆွေအိမ်သို့ သွားရောက်စဉ် အချင်းဖြစ်နေရာ အရောက်၌ ၎င်းဆိုင်ကယ်နောက်မှ အမည်မသိ လူနှစ်ဦး လိုက်လာပြီး ဒေါ်စန္ဒာလွင် လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးကို ဖြုတ်ယူ ထွက်ပြေးခဲ့ရာ ဒေါ်စန္ဒာလွင်က အော်ဟစ် အကူအညီတောင်းသဖြင့်အဆိုပါလူနှစ်ဦးမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားစဉ်မေတ္တာ လမ်းအရောက်၌ လဲကျတိမ်းမှောက် သွားခဲ့ရာ တာဝန်သိ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးထိန်းသိမ်း ထားစဉ်ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာကာသက်သေများရှေ့တွင် ၎င်းတို့နှစ်ဦးကို စစ်ဆေးရာ ရွှေဆွဲကြိုးကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လုယက်မှု ကျူးလွန်သူများ ဖြစ်သောနေမျိုး (ခ) နိုင်မျိုး (ခ) သားကြီး (ဘ) ဦးညီပွဲမန်ပူးရွာ နမ့်ခမ်းမြို့နယ် နေသူနှင့် မိုးဇော် (ခ) မြတ်ဇော် (ဘ) ဦးသိန်းဆယ် သက်ကြီးကုန်းရပ် မှော်ဘီမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေ သူတို့နှစ်ဦးကို လားရှိုးမြို့မရဲစခန်း က (ပ)၁၇၈/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈၂ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger