www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

မန္တလေးမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဘီကျောက်နှင့် ကျောက်မှုန့်များ အရောင်းအဝယ်အေးနေ



မန္တလေး ၁၆-၅-၂ဝ၁၈

မန္တလေးမြို့တွင် ကျောက်ဈေးကွက်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ဘီကျောက်နှင့် ကျောက်မှုန့်များ အရောင်းအဝယ် အေးလျက်ရှိပြီး ကျန်ရှိသည့်လုပ်ငန်းသုံး ကျောက်များမှာ အရောင်းအဝယ် ကောင်းနေကြောင်း အုန်းချောကျေးရွာရှိ ကျောက်လုပ်ငန်းရှင်များထံမှ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်များမှာ မိုးကာလ ကျောက်ရှားပါးချိန်တွင် ဈေးနှုန်းမြင့်တက် လေ့ရှိသော်လည်း သင်္ကြန်နှင့် တရုတ်နှစ်သစ်ကူး ကာလများတွင် အရောင်းအဝယ် အေးလျက်ရှိကြောင်း အုန်းချောကျေးရွာ စိန်သွားကျောက်ထုတ်လုပ်ရေးနှင့် ကျောက်မျိုးစုံ ရောင်းဝယ်ရေးဆိုင်မှ ဦးစိန်သွားက ပြောပြသည်။

"ကျောက်လုပ်ငန်းတွေက အခုနောက်ပိုင်း အပြိုင်အဆိုင်ကျောက် ထုတ်လုပ်ငန်းတွေ များလာတယ်။ များများရောင်းပြီး အမြတ်နည်းနည်း ပဲယူရတော့ လုပ်ငန်းမှာငွေကြေး လည်ပတ်မှုခက်ခဲ လာတယ်။တချို့ကျောက်ထုတ် လုပ်ငန်းတွေဆိုရင် ကိုယ်ပိုင်စက်ကြီးတွေကို လုပ်ငန်းခွင်တွေမှာ အသုံးပြုနေကြတော့ ဈေးနှုန်းအတက်အကျ ကစားလေ့ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

ယခုလက်ရှိ အုန်းချောကျောက် ဈေးကွက်အတွင်း ၆၉ ကျောက်ကြီး အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၁၅ဝဝဝ၊ တူးဖိုးကျောက် အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၁၅ဝဝဝ၊ သရီးကရောင်းကျောက် အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၁၈ဝဝဝ၊ ဝမ်းတူးကျောက် အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၁၈ဝဝဝ၊ ချီပင်ကျောက် အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၂ဝဝဝဝ၊ သုံးမူးကျောက်အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၃ဝဝဝဝ၊ ဘီကျောက် အမျိုးအစား တစ်ကျင်းလျှင် ငွေကျပ် ၁၇ဝဝဝနှင့် ကျောက်မှုန့် အမျိုးအစား တစ်ကျင်းလျှင်ငွေကျပ် ၁ဝဝဝဝ ပေါက်ဈေးနှုန်းများ ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger