www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 4, 2018

ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်းတွင် ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက် သစ်ခွဲသားများ သိမ်းဆည်းရမိ



ယင်းမာပင် ၄-၅-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကျောက်မှော် (၁) ဘိနယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းတွင် ခြောက်ဘီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသားများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၏ ညွှန်ကြားမှုဖြင့် မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမြင့်ထူး ဦးဆောင်ပြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် စုန်းချောင်းအုပ်ချုပ်ရေး မှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီး ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် မေ ၂ရက်နံနက် ၆နာရီ ၁၅မိနစ်က ယင်းမာပင်မြို့နယ် ကျောက်မှော် (၁) ဘိနယ်၊မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်တိုင်အမှတ် (၃/၆) အနီးနေရာ၌ ယာဉ်အမှတ် 2L/-----CANTER အဖြူရောင် ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား ၁၂ချောင်း ၁ဒသမ၄၄၉၄ တန်ကိုရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါရှာဖွေ သိမ်းဆည်းရမိသော တရားမဝင်သစ်များနှင့် ယာဉ်ကို ကျောက်မှော် (၁)ဘိနယ်သစ်တော စခန်းတွင် တာဝန်ရှိသူတို့က လုံခြုံစွာသယ်ယူ ထိန်းသိမ်းထားရှိပြီး ထွက်ပြေးတိမ်းရှောင် သွားသော ဆက်စပ်ပြစ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနက ဥပဒေနှင့် အညီထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger